📌 Myanmar Society of Endocrinology and Metabolism (MSEM) နှင့် OSC ဆေးရုံကြီးတို့မှ ပူးပေါင်းပြုလုပ်သော ဆီးချိုသွေးချိုနှင့် ‌ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးအသိပညာပေးပွဲအခမ်းအနား

📌 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၄)ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် …

✅ Myanmar Society of Endocrinology and Metabolism (MSEM) နှင့် OSC ဆေးရုံကြီးတို့မှ ပူးပေါင်းပြုလုပ်သော ဆီးချိုသွေးချိုနှင့် ‌ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးအသိပညာပေးပွဲအခမ်းအနားမှ မှတ်တမ်းတင်ဓာတ်ပုံများကို တင်ဆက်ပေးလိုက်ပါသည်။

📌 Diabetes C.A.R.E. Comprehensive Diabetes Management Program for Primary Care Physicians

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ “နိုင်ငံတကာနှင့် ပြည်တွင်းက ဆီးချိုသွေးချိုအဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ Diabetes C.A.R.E. Program” ကို ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆီးချိုသွေးချိုအထိမ်းအမှတ်နေ့ လေးမှာ ဂုဏ်ယူစွာ မိတ်ဆက်ရင်း စတင်လိုက်ပါပြီ။

🔬 မြန်မာနိုင်ငံက Primary Care ဆရာဝန်တွေအတွက်ရည်ရွယ်ပြီး International Diabetes Federation (IDF), Myanmar Diabetes Association (MMDA)နဲ့ Myanmar Society of Endocrinology and Metabolism (MSEM) တို့က စီစဉ်ထားတဲ့
“Diabetes C.A.R.E. Comprehensive Diabetes Management Program for Primary Care Physicians” ဆိုတဲ့ ဒီ အစီအစဉ်မှာ
Module 1: C – Core Concepts of Diabetes
Module 2: A – Approaches to Treatment
Module 3: R – Risks & Complications of Diabetes
Module 4: E – Exceptional Scenarios ဆိုတဲ့ (Modules) ၄ ခု ပါဝင်ပြီး Local and International က Diabetes care Experts တွေ Speakers အဖြစ် ပါဝင်ထားပါတယ်။

✨ Diabetes C.A.R.E. Program ကနေ ဘာတွေရနိုင်မလဲ။

🎓 (Module) တစ်ခုချင်းစီ ပြီးဆုံးတိုင်း ပူးတွဲ အသိအမှတ်ပြု လက်မှတ် (IDF | MMDA | MSEM) ကို ရရှိမှာပါ။

🏅 M၀dules တွေမှာ ထူးထူးချွန်ချွန်အောင်မြင်တဲ့ Top Performers တွေအတွက်လည်း ၂၀၂၆ ခုနှစ်မှာ Graduation Ceremony ပြုလုပ်ပြီး ဂုဏ်ပြုသွားဦးမှာပါ။

✨ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ မြန်မာနိုင်ငံရဲ့ လက်တွေ့ကုသမှု (Clinical realities) နှင့်လည်း အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်ထားတဲ့ ဒီ Program မှာ Diagnosis ကနေ Treatment, Complications & Risks စတာတွေကို Manage လုပ်နိုင်ဖို့နဲ့ Exceptional Scenarios တွေကို ဖြေရှင်းနိုင်တဲ့အထိ လက်တွေ့ကျကျလေ့လာနိုင်မှာပါ။

ဒါဆို ဆရာ၊ဆရာမတို့အနေနဲ့ Program မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်ပြီဆို Module 1: Core Concepts of Diabetes အတွက် Pre-Test ကိုဝင်ရောက်ဖြေဆိုရင်း Enroll လုပ်ကာ စတင်လေ့လာနိုင်ပါပြီ
ဒီနေ့မှာတော့ lecture video တစ်ပုဒ်ကို စတင်လေ့လာနိုင်မှာ ဖြစ်ပြီး။နောက်ရက်တွေ မှာ လည်း Module 1 မှာ ပါဝင်မယ့် videos တွေကို ဆက်လက်တင်သွားမှာ ဖြစ်ပါတယ်။

https://link.z-waka.com/u6AszFzPvwwdAxzx7?utm_source=Z-waka&utm_medium=facebook&utm_campaign=WDD

📍 This program is part of Project “Ah-Lin-Tan”, a joint initiative by Sanofi’s Global Health Unit (Sanofi’s GHU) and Z-waka.

Read the full information about the program here: https://z-waka.com/diabetes-cardiology-course/

📌 What’s inside our Global and Local Accredited Diabetes Training Program?

🌟 International Diabetes Federation (IDF) နဲ့ Myanmar Diabetes Association (MMDA)၊ Myanmar Society of Endocrinology and Metabolism (MSEM) တို့ပူးပေါင်းစီစဉ်ထားတဲ့

“Diabetes C.A.R.E. : Comprehensive Diabetes Management Program for Primary Care Physicians” ဆိုတဲ့ ဒီ Program ကနေ ဆရာ၊ဆရာမတို့ လေ့လာနိုင်မယ့် အသေးစိတ် Modules တွေ၊ Topics တွေနဲ့ ပါဝင်ပြောကြားပေးသွားမယ့် Speakers တွေကို ဖော်ပြလိုက်ပါတယ်။

🌍 Local နဲ့ International Speakers တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်သွားမှာဖြစ်ပြီး 2025 World Diabetes Day Nov 14 ကနေစလို့ တစ်လကို Module တစ်ခုစီ Launch လုပ်သွားမှာဖြစ်ပါတယ်နော်။

📚 Module တစ်ခုစီတိုင်းမှာ

🎖 IDF | MMDA & MSEM co-signed certificate တွေရရှိဖို့အတွက် Component အားလုံးမှာပါဝင်ပြီး သက်ဆိုင်ရာသတ်မှတ်ချက်တွေကို ပြည့်မီအောင်မြင်ဖို့ လိုအပ်ပါတယ်။ (သတ်မှတ်ချက် အသေးစိတ်ကို နောက်တစ်Post မှာ တင်ဆက်ပေးသွားပါမယ်)

✅ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ Module 1 ကိုစပြီး Publish လုပ်သွားတော့မှာဖြစ်သလို အသေးစိတ်အချက်အလက်တွေကို လက်မလွတ်သွားရအောင် ဒီ link လေးကတဆင့် ဝင်ရောက်ပြီး Program Information တွေတင်ပေးမယ့် Channel ကို ကိုယ်တိုင်လည်း Subscribe လုပ်ရင်း အခြားစိတ်ဝင်စားမယ့် သူငယ်ချင်းမိတ်ဆွေတွေကိုလည်း Sharing လုပ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

📌 For more details : https://link.z-waka.com/1nZ2LYUjKM35EPag9?utm_source=Z-waka&utm_medium=MSEM%2FMMDA&utm_campaign=GHU

17th Anniversary MSEM Annual Meeting

World Diabetes Day 2018 (Naypyitaw)

Type 1 Diabetes Camp 2022

Myanmar Health Science Conference 2022

MMEDC 2019 “Toward the Better Endocrine and Diabetes Care”

Diabetes Foot Care 2019 (Min Tat Chin State)

General Diabetes Care and Insulin Workshop 2022